တိုင်းရင်းသား ပါတီများ စုပေါင်းပြီး ပါတီကြီး တခုထောင်မည်

၂၀၁၅ ရွေးကောက်ပွဲကျရင် ပြည်နယ်တွေကလွဲပြီး အခြားတိုင်းဒေ သတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက် တိုင်းရင်းသားပါတီတွေ စုပေါင်းပြီး ဖက်ဒရယ်ယူနီယံပါတီ (အက်ဖ်ယူပီ)လို့ ယာယီ နာမည်ပေးထားတဲ့ ပါတီကြီးတခု တည်ထောင်သွားမယ်လို့ ရှမ်းတိုင်း ရင်းသားများဒီမိုကရက်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ဒီဗွီဘီ ကို ပြောပါတယ်။

လက်ရှိ တိုင်းရင်းသားတွေရဲ့ ပါတီတွေကို ဖျက်သိမ်းမှာ မဟုတ်ပဲ သီးခြားပါတီကြီးအဖြစ် စုပေါင်း တည်ထောင်ကြမှာဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

ဒီကိစ္စ လာမယ့် ဇွန် ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့ တောင်ကြီးမှာ ကျင်းပမယ့် တိုင်းရင်းသားပါတီများစုံညီ အစည်းအဝေးမှာ ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်ကြမယ်လို့ ဦးစိုင်းအိုက်ပေါင်းက  ပြောပါတယ်။___ဒီဗွီဘီ

0 မှတ်ချက်များ for "တိုင်းရင်းသား ပါတီများ စုပေါင်းပြီး ပါတီကြီး တခုထောင်မည်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

(၁​၃)ြ​ကိ​မ်ြေ​မာ​က် က​ယ​န်း​အမျိုး​သားေ​န့

++ကယန်းသတင်းစဉ်++